#Local_News
Published-29 January 2024

၂၀၂၄ ခုနှစ်တွင် မြန်မာ့စီးပွားရေး GDP ၂ ရာခိုင်နှုန်း နှင့် ၃ဒသမ ၂ ရာခိုင်နှုန်းကြား တိုးတက်နိုင်ရန်မျှော်မှန်းထားကြောင်း ကုန်သွယ်မှုကိုယ်စားလှယ် Mr.Vladimir Kazadaev က ပြောသည်။

 

မော်စကို၌ ကျင်းပသည့် ဒုတိယအကြိမ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်တွင် ကုန်သွယ်မှုကိုယ်စားလှယ် Mr.Vladimir Kazadaev မှမိန့်ခွန်း၌ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

 

၎င်း၏မိန့်ခွန်းတွင် ၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး ဖွံ့တိုးတက်မှု ရလဒ်များကို တင်ပြခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ၊မြန်မာ့စီးပွားဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် အကြံပြုချက်များပေးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မြန်မာနိုင်ငံသည်နိုင်ငံတကာနှင့် နှိင်းယှဉ်လျှင်အနုတ်လက္ခဏာများ ရှိနေသော်လည်း မြန်မာ့စီးပွားရေးသည် တိုးတက်မှုလမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ် GDP သည် ၁ရာခိုင်နှုန်းမှ၂ဒသမ ၈ ရာခိုင်နှုန်းကြားတိုးတက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းချက်မှာ GDP ၏ ၂ ရာခိုင်နှုန်းနှင့် ၃ဒသမ၂ ရာခိုင်နှုန်းကြား တိုးတက်မှုတွင်တည်ငြိမ်ရေးဖြစ်ကြောင်း သိရသည်။

 

၎င်းအပြင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အလားအလာ အလွန်ကြီးမားသော နိုင်ငံဖြစ်ပြီး America ၊EU နှင့် UK နိုင်ငံများကဲ့သို့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သော်လည်း မြန်မာနိုင်ငံတွင် ၄င်းတို့၏လုပ်ငန်းများကို အရှိန်မလျှော့ကြောင်း၊ စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည်လည်း ၂၀၂၃ ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၉၅ဒသမ၃ ဘီလီယံ (+ဝ.၇%) တိုးလာကြောင်း သိရသည်။

 

စွမ်းအင်၊ လျှပ်စစ်ဓာတ်အား၊ ICT၊ ပြည်တွင်းစက်မှုလုပ်ငန်းများ (ဓာတ်မြေသြဇာ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်များ ပြုပြင်ထုတ်လုပ်ခြင်း) သည်အလားအလာကောင်းများဖြစ်ပြီး အောင်မြင်မှုသော့ချက်မှာ ရေရှည်စီးပွားရေးအတွက် ကစားလိုစိတ် - ရေရှည်စီမံကိန်းများ ရင်းနှီးမြှုပ်နှံခြင်း၊ မိမိထုတ်ကုန်နှင့် ဖြေရှင်းချက်များကို မှန်ကန်စွာနေရာချနိုင်စွမ်း - ဒေသတွင်းဈေးကွက်နှင့်လိုအပ်ချက်များကို  စဉ်းစားခြင်း၊ 'one-time supply' paradigm မှ ဖယ်ခွာခြင်း - မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော နိုင်ငံခြား ပြိုင်ဘက်များသည်  Training ၊ soft power ၊ သီးခြားသတ်မှတ်ထားသော block များပါဝင်သည့် ဆက်မပြတ်အကောင်အထည်ဖော်နိုင်သော စီမံကိန်းကြီးများမှတဆင့် ၎င်းတို့၏ အကျိုး စီးပွါးအတွက်လုပ်ဆောင်ချက်များ သင်ယူခဲ့ကြကြောင်းသိရသည်။

 

ကုန်သွယ်မှုအလားအလာများမှာလည်း လယ်ယာထွက်ကုန် တင်သွင်းမှုတိုးမြှင့်ရေးသည် ဦးစားပေး ကဏ္ဍဖြစ်ကြောင်း၊ EAEU General System of Preferences သည် ဖွံ့ဖြိုးမှုနှေးသောနိုင်ငံမှသွင်းကုန်အမျိုးမျိုးပေါ်တွင် သွင်းကုန်အကောက်ခွန်များကို ဖယ်ရှားပေးသည့် မြန်မာနိုင်ငံ၏ပို့ကုန်လုပ်ငန်းရှင်များကို ကူညီပေးသော စနစ်ဖြစ်
ကြောင်းနှင့် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ တင်ပို့နိုင်သည့် ပင်လယ်စာ၊ ဆန်၊ ကော်ဖီနှင့် အခြားထုတ်ကုန်များစွာပါဝင်ကြောင်းသိရသည်။

 

#Local_News #မြန်မာ့စီးပွားရေး #တိုးတက်နိုင်ရန်မျှော်မှန်း #YMG/ NN #Yangon_Times