Published:28 November 2021

တရားမ၀င် Fiber Cable များ ရန်ကုန်တိုင်းဒေသကြီး နယ်နမိတ်အတွင်း တပ်ဆင်ထားမှုများကို ဒီဇင်ဘာ ၁၆ ရက်နေ့ တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က စတင်ဖယ်ရှားမှာဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသိပေးကြေညာလိုက်ပါတယ်။

ထုတ်ပြန်ကြေညာရာတွင် ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်း တည်ဆောက်ထားသော ဆက်သွယ်ရေးတာဝါတိုင်များတွင် ခွင့်ပြုချက်မရှိပဲ Fiber Cableများ တရားမဝင်သွယ်တန်းထားကြောင်း စိစစ်တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တရားမဝင်သွယ်တန်းထားသော FiberCable များကို သက်ဆိုင်ရာကုမ္ပဏီများအနေနဲ့ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ၁၅ရက်နေ့အထိ လာရောက်ဆက်သွယ်ဖယ်ရှားရန်နဲ့ လာရောက်ဆက်သွယ်ဖယ်ရှားခြင်းမရှိပါက တရားမဝင်သွယ်တန်းထားသော Fiber Cable များကို ၂၀၂၀ ဒီဇင်ဘာလ ၁၆ ရက်မှ စတင်ဖယ်ရှားသွားမယ်လို့ သိရပါတယ်။

"ဖယ်ရှားမှုတွေပြုလုပ်ပြီး အရေးယူမှုတွေပါ လုပ်သွားဖို့ရှိပါတယ်" လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တရားမဝင်သွယ်တန်းထားတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကို တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။