Publicshed 4 May 2024

ရာသီဥတု ပူပြင်းသဖြင့်ခရီးရှည်မြင်းစီးအားကစားအရည်အချင်းစစ်ပြိုင်ပွဲ(FEI, One star Qualification round-3)ပြိုင်ပွဲ ရက်ရွှေ့ဆိုင်း လိုက်ကြောင်းမြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊သတင်းနှင့်ပြန်ကြားရေး
မှသိရသည်။

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်သည် ကနဦးအနေဖြင့်၂၀၂၄ခုနှစ်အတွက်ရေးဆွဲထားသော အားကစားပြက္ခဒိန်အရ(၃)ကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားအရည်အချင်းစစ်ပြိုင်ပွဲ(FEI, One star Qualification round-3)ပြိုင်ပွဲကို၂၀၂၄ခုနှစ်၊မေလ(၃၀)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပရန်သတ်မှတ်ထားခြင်းဖြစ်သည်။

သို့သော် လက်ရှိ ပူပြင်းလှသောရာသီဥတုအခြေအနေကြာင့် FEI, One star Qualification round-3 ကို  ၂၀၂၄ခုနှစ်၊ဇွန်လ၊(၃၀)ရက်နေ့သို့ ပြောင်းလည်းကျင်းပရန် သတ်မှတ်လိုက်ကြောင်း
သိရသည် ။

နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လိုသော ကလပ် အသင်းများအနေဖြင့် ပြိုင်ပွဲရက်မတိုင်မီရက်(၃၀) ကြိုတင်၍ စာရင်းပေးသွင်းရမည်ဖြစ်ပြီး မြင်းစီးအားကစားဝါသနာရှင်များနှင့်မြင်းစီးအားကစားသမားများအား
အသေးစိတ်အချက်အလက်များကို အချိန်နှင့်တပြေးညီ ထပ်မံကြေငြာပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group