Published_ 07 October 2023

ဘေးမကင်းသဖြင့် သုံးစွဲရန်မသင့်သည့်အလှကုန်(၁၂)မျိုးကို အသုံးမပြုရန် မြန်မာနိုင်ငံရှိအစားအသောက်နှင့် ဆေးဝါးကွပ်ကွဲမှုဦးစီးဌာန(FDA)မှထုတ်ပြန်လိုက်ကြောင်းသိရသည်။

၂၀၂၃ခုနှစ်အတွင်း ပြည်တွင်းတွင်ရောင်းချနေသည့် အလှကုန်ပစ္စည်းများကိုစစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း(၁၂)မျိုး သည် မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တားမြစ်ဓာတု ပစ္စည်းများပါဝင်နေကြောင်းစစ်ဆေးတွေ့ရှိရသောကြောင့် အများပြည်သူသုံးစွဲရန်မသင့်ကြောင်း အသိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းအလှကုန်ပစ္စည်းများတွင်ပါဝင်သော တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ရောင်ရမ်းခြင်း၊ အဖြူ၊အနီကွက်ခြင်း၊အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ထုံကျင်ခြင်း၊ကြွက်သားတုန်ခါခြင်း၊ပင်ပန်း နွမ်းနယ်ခြင်း၊ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင်ရေရှည်သုံးစွဲပါကကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်သည်ဟုဆိုသည်။

အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီများနှင့်လက်လီလက်ကားဆိုင်များသည်FDAတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်းကြေညာထားသည့် အလှကုန်ပစ္စည်းများ၊ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကိုကျင့်ဝတ်အရလုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group