#Local_News
Published 20 December 2023

မန္တလေးတွင်  သဲများသယ်ဆောင်လာသည့် Faw ကားနှင့်  ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းမဏီစလလူမှု/နာမှုကူညီရေးအသင်း(မန္တလေးမြို့)ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂၀ရက် နေ့လည်ပိုင်းအချိန်က မန္တလေးမြို့၊ ၄၁လမ်း၊ ၈၄လမ်းနှင့်  ၈၃လမ်းကြားတွင် ကားနှင့် ဆိုင်ကယ် တိုက်မိမှု ဖြစ်ပွားခဲ့ကာ ဆိုင်ကယ်မောင်းသူအမျိုးသားမှာ သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

 

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားကြောင်း အကြောင်းကြားချက်အရ အသင်းက ထွက်ခွာသွားရောက် ကူညီပေးခဲ့ကြောင်း သိရသည်။

 

သေဆုံးသွားသူမှာ အသက် ၄၀ခန့်ရှိပြီး ယင်း၏ ရုပ်အလောင်းကို  မန္တလေးအထွေထွေပြည်သူ့ဆေးရုံကြီးသို့ အသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

#Local_News #Faw ကားနှင့်ဆိုင်ကယ်တိုက်မိ #အမျိုးသားတစ်ဦးသေဆုံး #YMG/LW #Yangon_Times