#Local_News
Published 10 December 2023

မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် ရေခဲသေတ္တာ(၁၅၁)လုံးအပါအဝင် တရားမဝင်ပစ္စည်းမျာသိမ်းဆည်းရမိပြီး ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှသိရသည်။

 

ဒီဇင်ဘာ ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Glacier Two Door ရေခဲသေတ္တာ ၁၅၁ လုံး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၆၅၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

 

ထို့အတူ ဒီဇင်ဘာ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ လိုင်စင်မဲ့ Faw ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ခဲ့သည်ဟုဖော်ပြထားသည်။

 

ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲနှစ်မှု(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၆၅၀၀၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

#Local_News #ရေခဲသေတ္တာ(၁၅၁) လုံး #Fawကားတစ်စီး #တရားမဝင်ပစ္စည်းများသိမ်း ဆည်းရမိ
#tthl #Yangon_Time