#LocalBusiness

Published - 25 Nov 2021

ပြည်တွင်းမှာထုတ်လုပ်သည့် FAME  ဆေးဝါးထုတ်ကုန်များကို ဥရောပနိုင်ငံအချို့ သို့တင်ပို့၍ ဖြန့်ဖြူးရောင်းချသွားမှာဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလမှစလို့ စတင်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ FAME  ဆေးဝါးကုမ္ပဏီ၏ ထုတ်ပြန်  ကြေညာချက်အရ သိရပါတယ်။

FAME Pharmaceuticals မှထုတ်ကုန်များကို ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ မိုနာကို၊ အန်ဒိုရာနှင့် လူဇင်ဘတ် အစရှိသည့် ဥရောပနိုင်ငံများတွင် ဖြန့်ဖြူးရောင်းချရန်အတွက် ပြင်သစ်နိုင်ငံရှိ Superalibio Limited မှ စတင်ကမ်းလှမ်းလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကမ်းလှမ်းချက်များအရ ပြင်သစ်နိုင်ငံရှိ Superalibio မှ Mr. Jean- Marc Brule နှင့်အဖွဲ့က FAME ဆေးဝါးစက်ရုံသို့ လာရောက်လေ့လာခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ အဆိုပါနိုင်ငံများအတွက် Exclusive Distributorship Agreement ကို FAME နှင့် သဘောတူ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

FAME ထုတ်ကုန်များကို ဥရောပဈေးကွက်အတွင်းထိုးဖောက်နိုင်ရန်အတွက် ပြင်သစ်နိုင်ငံ အသိအမှတ်ပြု The Directorate General for Competition, Consumer Affairs and Fraud Control (DGCCRF)တွင် မှတ်ပုံတင်သည့် လုပ်ငန်းများကို ဆောင်ရွက်ထားပြီးလည်း ဖြစ်တယ်လို့ သိရပါတယ်။

FAME Pharmaceuticals မှ ထုတ်လုပ်ထားသည့် Nonifit Gold (ရဲယိုသီးအနှစ်)၊ Noni Honey (ရဲယိုသီးပျားရည်)၊ Nonicap (ရဲယိုဆေး)၊ Appletec (ပန်းသီးဆေး)၊ Bromelain (နာနတ်သီးဆေး)၊ Ganocan (လင်ဇီးဆေး)၊ HerbalFresh (စိတ်မြှင့်ဆေး)၊ Immunoplex (သဘာဝကိုယ်ခံ စွမ်းအားတိုးဆေး)၊ Mangosteen (မင်းကွတ်သီးဆေး)၊ Moringa (ဒန့်သလွန်ရွက်ဆေး)၊ Rejuvir (ဒေါင်းကွေးဆေး)၊ Resveratrol (စပျစ်သီးဆေး) နှင့် SpiruEmblica (သဘာဝအားဆေး)များကို ယခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို ရှိ Superalibio တွင် ဝယ်ယူရရှိနိုင်ပြီဖြစ်တယ်လို့လည်း Fame   ဆေးဝါး၏ ထုတ်ပြန်မှုအရ သိရပါတယ်။

ဓါတ်ပုံ - FAME Pharmaceuticals