#Local_News
Published 6 June 2024


▪️ လှည်းကူးမြို့နယ်အင်းတိုင် ၉၈၁ ရှေ့တွင် ဆိုင်ကယ်ကို Express ယာဉ်မှတိုက်မိပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ကြောင်း လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။

 

▪️ ဇွန်လ၆ရက် မနက်၁၀နာရီ ၅၅မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်တိုက်မှုကြောင့် လူညှပ်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 

▪️ လှည်းကူးကြက်ခြေနီမှ ရှေးဦးပြုစုကူညီမှုများပေးနိုင်ရန်ကြက်ခြေနီစေတနာ့လုပ်အားရှင်၁၁ဦး ကြက်ခြေနီလူနာတင်ယာဉ်နှစ်စီးဖြင့် ထွက်ခွာခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးနှင့်‌ ရှေးဦးပြုစုခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရာ ၁၁နာရီ ၄၀မိနစ် ခန့် တွင်ပြီးစီးခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် လူနာ(၃)ဦးကို လှည်းကူးဆေးရုံနှင့်သက်ဆိုင်ရာဆေးရုံသို့‌ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times