#Local_News
Published 19 December 2023


ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင် Express ယာ‌ဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ယနေ့ နံနက် (၅) နာရီ (၅၀) မိနစ်ခန့်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄၆/၃နှင့် ၂၄၆/၄ ကြားတွင် Express ယာဉ်(၁) စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်  ပေပင်လေး အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြစ် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၆) နာရီ (၅၀) မိနစ်အချိန်တွင် မီးငြိမ်းသွားကာ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ၁၈ ရက် နံနက်ပိုင်းကလည်း  ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၊ (၁၂၉/၇)မိုင်အနီးတွင် ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းရှိ  ထန်းပင်အား ၀င်တိုက်မိပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

#Expressယာ‌ဉ် # မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times