Published_ 10 February 2024

ယခု၂၀၂၄ခုနှစ်အတွင်း EVကား ကုမ္ပဏီ ၅၀ ကျော်ကို တင်သွင်းခွင့် ထပ်မံခွင့်ပြုပေးထားကြောင်အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ သိရသည်။

ထိုသို့ခွင့်ပြုရာတွင်  EV လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ယခု ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီ ၅၁ ကို ထပ်မံခွင့်ပြုပေးလိုက်ခြင်းဖြစ်ကာပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်ကုမ္ပဏီ ၃၀ ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခု၂၀၂၄ ခုနှစ်တွင် EV လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကုမ္ပဏီ ၈၁ ခုကို တာဝန်ပေးထားပြီး  သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများကို သွင်းကုန်လိုင်စင် ထုတ်ပေးမည်ဖြစ် ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group