#Local_News
Published 4 August 2023

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်ကို ယနေ့ ဩဂုတ် ၄ ရက်တွင် ကျင်းပပြုလုပ်လျက်ရှိရာ စက်မှုထုတ်ကုန်‌များနှင့် လျှပ်စစ် (EV)ကား ပြပွဲကိုပါထည့်သွင်းပြသလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပွဲတော်ကို ဩဂုတ်လ (၄)ရက်မှ (၆)ရက်နေ့အထိ သုံးရက်ကြာပြုလုပ် လျက်ရှိကြောင်း သိရသည်။

 

ပြပွဲတွင် ရန်ကုန်တိုင်းအတွင်းရှိ ထုတ်ကုန်ပစ္စည်းများသာမက အခြား တိုင်းနှင့်ပြည်နယ်များရှိ ဒေသထွက်ကုန်ပစ္စည်းများကိုပါ ထည့်သွင်းပြသ လျက်ရှိကြောင်း သိရသည်။

 

ယင်းပြပွဲအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်(၂၉)ဇုန်က ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်း‌များ၊ MSMEs ထုတ်ကုန်ပစ္စည်းများကို ပြသလျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် အများပြည်သူ လာရောက်လေ့လာဝယ်ယူရာ၌ အဆင်ပြေစေရန် တန်ဖိုးသင့်ထမင်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးမည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်းထားရှိကြောင်း သိရသည်။

 

#Local_News #လျှပ်စစ် EV ကားပြပွဲ
#YMG/my #Yangon_Times