#Local_News
Published 13 February 2024


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့်၊ အမှတ် ၂၃ ESPERADO ဟိုတယ် ပိုင်ရှင်၏ဇနီးဖြစ်သူအသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နင့်နီးစပ်သူထံက သိရသည်။

 

အဆိုပါ ဟိုတယ်၏ သုံးလွှာရှိအခန်းအမှတ် ၃၀၀၃ တွင် ဖေဖော်ဝါရီလ ၁၃ ရက်နံနက် ၈း၃၀ နာရီအချိန်၌ ဟိုတယ်ပိုင်ရှင် ဦးအောင်ဇော်ဝင်း၏ဇနီးဖြစ်သူဒေါ်သန်းသန်းဦး (ခေါ်) မာရီယမ်သည် အခန်းအတွင်းကျောပြင်တွင် ဓါးဒဏ်ရာငါးချက်ဖြင့် သေဆုံးနေကြောင်း သိရသည်။

 

"CCTV မှတ်တမ်းကိုစစ်ဆေးပြီးတဲ့ရလာဒ်အရ လွန်ခဲ့တဲ့ ၃ လ ကျော်က အလုပ်ထုတ်လိုက်တဲ့ တစ်ယောက် မကျေနပ်လို့ လုပ်သွားတယ်လို့ ကောက်ချက်ချထားကြပါတယ်" ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက YMG ကို ပြောသည်။

 

သေဆုံးသူ၏သားမှ မိခင်ဖြစ်သူအခန်းတွင်းမှ ထွက်မလာသဖြင့် သားဖြစ်သူကောင်းမြတ် ဇော်ကဖုန်းခေါ်ရာ မကိုင်သဖြင့် မာစတာကီးဖြင့် အခန်းကိုဖွင့်ရာအခန်းအတွင်း မိခင်ဖြစ်သူမှာဓါးဒဏ်ရာများဖြ င့်ကြမ်းပြင်တွင် လဲကျသေဆုံးနေသည်ကိုတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

#Local_News ##ESPERADOဟိုတယ် #ဇနီးဖြစ်သူအသတ်ခံရ #YMG/PP #Yangon_Times