#Local_News
Published - 6 September 2022

 

တောင်ကိုရီးယားအလုပ်အကိုင် (EPS)စာမေးပွဲကို မူလကြေညာတဲ့ရက်တွင် မပြုလုပ်ဘဲ ရက်ရွှေ့ဆိုင်းခဲ့ပြီး ပြန်လည်ဖြေဆိုမည့်စာမေးပွဲရက်အတိအကျ ထပ်မံမထုတ်ပြန်သေးကြောင်း ဖြေဆိုမည့်သူများထံမှ သိရသည်။

 

အဆိုပါ EPS စာမေးပွဲကို ဩဂုတ် ၁၆ ရက်တွင် ကျင်းပမည်ဟု ကြေညာထားပြီး ဇူလိုင်လထဲတွင် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများ ရောင်းချခဲ့ခြင်းဖြစ်သည်။

 

သို့သော်စာမေးပွဲရက်ကို ပထမတစ်ကြိမ်ရွှေ့ဆိုင်းပြီး ပြန်ကျင်းပမည့်ရက်ကို တိတိကျကျ ထပ်မံကြေညာတာမျိုးမရှိသေးခြင်းကြောင့် စာမေးပွဲကြေး ပြန်ထုတ်လိုသူတွေရှိလာကြောင်း သိရသည်။

 

EPS စာမေးပွဲဖြေခွင့်ရရန် စာမေးပွဲကြေးကို အမေရိကန်ဒေါ်လာ ၂၄ဒေါ်လာ ပေးသွင်းခဲ့ရကြောင်း၊ EPS စာမေးပွဲအတွက် ဇူလိုင်လတွင် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာရောင်းချစဉ် လျှောက်ထားသူဦးရေ ၃၇၀၀၀ ကျော်ရှိခဲ့ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ထားသည်။

 

#ymg/sth
#Yangon_Media_Group