#Local_News
Published 31 January 2024
ကိုရီးယားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၅၂ ဦးအား ယနေ့ ဇန်နဝါရီ ၃၁ ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ကိုရီယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POAE မှ ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ စေလွှတ်ခဲ့သည့် အလုပ်သမား ၁၅၂ ဦးမှာ  ကိုရီးယားနိုင်ငံကုန်ထုတ်လုပ်ငန်းများတွင် လုပ်ကိုင်မည့် လုပ်သားများဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ၊ အင်ချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြသည့် အလုပ်သမားများအား ဆိုးလ်မြို့၊ အလုပ်သမားသံရုံးအရာရှိမှ လက်ခံကြိုဆိုခဲ့ပြီး လိုအပ်သည်များကိုမှကြားကာ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon Time