Published_ 19 September 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၄၈)ဦးကို စက်တင်ဘာလ ၁၉ရက်(ယနေ့)ထပ် မံစေလွှတ်ခဲ့ပြီး ယခုလအတွင်း မြန်မာလုပ်သား (၇၀၀)ကျော်စေလွှတ်ခဲ့ပြီးကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
စက်တင်ဘာလ ၁၉ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၇၂)ဦးနှင့် စိုက်ပျိုးရေးလုပ်သားသစ် (၇၆)ဦး စုစုပေါင်း (၁၄၈) ဦးကို စေလွှတ်ခဲ့ပြီး လုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
စက်တင်ဘာလအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် (၁၅၁)ဦးကို စက်တင်ဘာ ၁၃ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ် (၁၄၇)ဦး ကိုစက်တင်ဘာလ ၁၂ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ်(၁၀၅)ဦးနှင့်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ်(၄၀)ဦးကို စက်တင်ဘာလ ၆ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ် ၁၄၂ဦးကို စက်တင်ဘာလ ၅ရက်တွင်လည်းကောင်း စေလွှတ်ခဲ့ကြောင်း သံရုံးမှသိရသည်။
ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း မြန်မာလုပ်သား (၁၀၀၀) ကျော်စေလွှတ်ခဲ့ကြောင်းသိရသည်။
#Yangon -Times/PP
Photo-Myanmar Embassy, Seoul
#Local_News
#YMG #Yangon_Times