#Local_News
Published-29 August 2023

တောင်ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၁၄၆)ဦးကို ယနေ့စေလွှတ်ခဲ့၍ ယခုလအတွင်း (၈၆၃)ဦး စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။

 

သြဂုတ်လ ၂၉ရက်တွင်EPS စနစ်ဖြင့်ကုန်ထုတ်လုပ်သားသစ် (၁၀၁)ဦး၊ စိုက်မွေးလုပ်သားသစ် (၄၅) ဦး၊ စုစုပေါင်း (၁၄၆) ဦးကိုစေလွှတ်ခဲ့၍ မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ  အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

ထို့အတူ  သြဂုတ်လ ၁ရက်တွင် မြန်မာလုပ်သား ၁၃၉ဦးကိုလည်း ကောင်း၊ သြဂုတ်လ ၂ရက်တွင် မြန်မာလုပ်သား (၁၄၇)ဦးကိုလည်းကောင်း၊ သြဂုတ်လ၈ရက်တွင် မြန်မာလုပ်သား (၁၄၂)ဦးကိုလည်းကောင်း၊   သြဂုတ်လ၂၂ရက်တွင် မြန်မာလုပ်သား(၁၄၂)ဦးကိုလည်းကောင်း၊ သြဂုတ်လ ၂၃ရက်တွင် မြန်မာလုပ်သား (၁၄၇)ဦးကိုလည်းကောင်း စေလွှတ်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၀၄၉)ဦးကိုစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။

 

#Local_News #EPS #မြန်မာလုပ်သား(၁၄၆)ဦး
#Yangon_Times/PP