#Local_News
Published_ 4 August 2023

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ​ဩဂုတ်လ၂ ရက်အတွင်း မြန်မာလုပ်သား (၂၈၆)ဦးစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။

 

ပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် ဩဂုတ်လ၁ရက်တွင် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၃၉) ဦးကိုလည်းကောင်း၊  ဩဂုတ်လ၂ရက်တွင် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၉၇)ဦးကိုလည်းကောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သား(၅၀)ဦးကိုလည်းကောင်း စေလွှတ်ခဲ့၍ ၂ရက်အတွင်း မြန်မာလုပ်သား ၂၈၆ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။

 

ယင်းကဲ့သို့စေလွှတ်သော မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာမြန်မာသံရုံး၊ ဆိုးလ်မြို့မှ  အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၀၄၉) ဦးကို စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။

 

#Local_News #မြန်မာလုပ်သား၂၈၆ဦးကိုEPSစနစ်ဖြင့်စေလွှတ်ခဲ့
#Yangon_Times/PP