#Local_News
Published-22 June2023


ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ် လုပ်သားသစ် (၁၄၇) ဦးကို ဇွန်လ ၂၁ ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။

 

အဆိုပါ အလုပ်သမားများရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် ဇွန်လ၂၀ရက်ကလည်း ကုန်ထုတ်လုပ်သားသစ် (၁၁၄) ဦး၊ စိုက်ပျိုးရေးနှင့် ‌မွေးမြူရေးလုပ်သားသစ် (၃၁) ဦးကိုစေလွှတ်ခဲ့ကြောင်း၊ဇွန်လ၁၃ရက်ကလည်း EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၄၆) ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။
.

ယင်းအပြင် ဇွန်လ၇ရက်ကလည်း EPS စနစ်ဖြင့်ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၉)ဦး၊ စုစုပေါင်း (၁၅၀) ဦး ကိုးရီးယားနိုင်ငံသို့ မြန်မာလုပ်သားများစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးမှထုတ်ပြန်ထားသည်။

 

#Local_News #မြန်မာလုပ်သား ၁၄၇ ဦးကို EPSစနစ်ဖြင့်စေလွှတ်
#Yangon-Times/BM