#Local_News
Published-12 October 2023

မကွေးမြို့ရှိ ဧက (၅၀၀)ခန့်မြေပေါ်တွင် တည်‌ဆောက်မည့် စက်မှုဇုန်သစ်အတွက် လျှောက်လွှာ (EOI) များ စတင်ခေါ်ယူနေကြောင်း သိရသည်။

 

စက်မှုဇုန်အကောင်အထည်ဖော်မည့် စီမံကိန်းတည်နေရာသည် မကွေး-တောင်တွင်းကြီးကားလမ်း၏ တောင်ဘက် (၁)မိုင် ခန့်၊ မကွေးမြိုမှ အရှေ့ဘက်သို့ (၃)မိုင်ခန့်အကွာတွင် ရှိသော (၄၆၁ ဒသမ ၁၄)ဧက ကျယ်ဝန်းသည့် မြေနေရာဖြစ်ပြီး ရင်းနှီးတည်ဆောက်လိုသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအနေဖြင့် မကွေးမြို့စက်မှုဇုန်ကို Developer အနေဖြင့် အကောင်အထည်ဖော်ရန် စိတ်ဝင်စားပါက စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ(EoI)ကို တင်ပြလျှောက်ထားနိုင်ကြောင်း မကွေးတိုင်းအစိုးရ အဖွဲ့က ကြေညာထားသည်။

 

အဆိုပါ စက်မှုဇုန် အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်က ကျင်းပခဲ့ပြီး EoI အဆိုပြုလွှာကို မကွေးတိုင်းအစိုးရအဖွဲ့ရုံးသို့ နိုဝင်ဘာလ ၁၆ ရက်တွင် အရောက်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #မကွေးမြို့ #စက်မှုဇုန်သစ် #Yangon_Times/PP