14 January 2024

ပျူနှင့်ပုဂံကိုကမ္ဘာ့အမွေအနှစ်ဖြစ်အောင် ကူညီဆောင်ရွက်‌ပေးခဲ့သည့် နိုင်ငံခြားသားပညာရှင်၊မြန်မာ့ယဉ်ကျေးမှုသမိုင်းနှင့် ရှေးဟောင်း သုတေသနပညာရှင် SOAS လန်ဒန်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ Dr. Elizabeth Moore ကွယ်လွန်သွားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှသိရပါတယ်။

ဆရာမကြီး Dr. Elizabeth Mooreကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်းဌာနမှ ထုတ်ပြန်ထားပြီးကွယ်လွန်ချိန်တွင် အသက် (၇၆) နှစ်ရှိပြီဖြစ်ပြီး လန်ဒန်စံတော်ချိန် ညနေ (၅:၂၀)နာရီတွင် University College London Hospital ဆေးရုံတွင် (၉၆)ပါးသော ရောဂါဖြင့် ကွယ်လွန်သွားတာဖြစ်ပါတယ်။

Ymg/tthl