#Local_News
Published 02 December 2023

အွန်လိုင်း‌ဈေးရောင်းချမည့်သူများ အနေဖြင့် မှန်ကန်စွာမှတ်ပုံတင်နိုင်‌စေရန်အတွက်ရည်ရွယ်ပြီး eComReg System အသုံးပြုနည်းသင်တန်းကို ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာနမှ ဖွင့်လှစ်ခြင်းဖြစ်ပြီး virtual အွန်လိုင်း zoom စနစ်နဲ့ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

ယင်းသင်တန်းတက်‌ရောက်ခြင်းအားဖြင့် eComReg System ကိုအသုံးပြုပြီး မိမိတို့အွန်လိုင်း ဈေးရောင်းသည့် လုပ်ငန်းအတွက် ကိုယ်တိုင်မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး အချက်အလက် ဖြည့်သွင်းမှုမှန်ကန်အောင် သင်တန်းမှပို့ချပေးမည်ဟုဆိုသည်။


အဆိုပါ သင်တန်းတက်ရောက်လိုသူ‌များအနေဖြင့် လျှောက်လွှာများကို  နိုဝင်ဘာ ၃၁ ရက်မှ ဒီဇင်ဘာလ ၈ ရက်အထိလျှောက်ထားနိုင်ပြီး သတ်မှတ်လူဦးရေပြည့်ပါက နောင်ဖွင့်လှစ်မည့် သင်တန်း၌တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းတက်လိုသူများအနေဖြင့် This email address is being protected from spambots. You need JavaScript enabled to view it.သို မိမိတို၏ gmail ဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ အပတ်စဉ် အင်္ဂါ၊သောကြာနေ့(ဒီဇင်ဘာလ၂၂ရက်အထိ)အခမဲ့ပို့ချသွားမည်ဖြ‌စ်ကြောင်း သိရသည်။

 

#Local_News #eComReg System #သင်တန်းအခမဲ့ဖွင့်လှစ်မည် #tthl #Yangon _Times