Published 17 May 2024
ကိုရီးယား သမ္မတ နိုင်ငံ သို့ E -9 Visa ဖြင့် သွားရောက်သည့် မြန်မာအလုပ်သမား များ အနေဖြင့် သတ်မှတ်ချက် ရမှတ် များ နှင့် ပြည့်မှီပါက E-7 Visa ကျွမ်းကျင်လုပ်သားဗီဇာ ကို ပြောင်းလဲ လျှောက် ထား နိုင်ကြောင်း မြန်မာသံရုံး ဆိုးလ်မြို့က မေလ၁၆ရက်က အသိပေးကြေညာလိုက်သည်။
ကိုရီးယား သမ္မတ နိုင်ငံ တရားရေးဝန်ကြီး ဌာန မှ ကြီးမှုး ကျင်းပသည့် 2024 Briefing Session on visa policy အစည်းဝေး ကို မြန်မာသံရုံးဆိုးလ်မြို့ မှ ပါဝင် တတ်ရောက်ခဲ့ရာ အဆိုပါ အစည်းဝေး တွင် ကိုရီးယားသမ္မတ နိုင်ငံ တွင် ကျွမ်းကျင် လုပ်သားရှားပါးလာသည့် အခက်ခဲ များ ကို ဖြေရှင်း နိုင်ရန် အတွက် E-9 visa လုပ်သားများအနေဖြင့် သတ်မှတ်ရမှတ်များနှင့်ပြည့်မှီပါက E-7-4 visa (ကျွမ်းကျင်လုပ်သားဗီဇာ)ပြောင်းလဲ လျှောက်ထားနိုင်ကြောင်း သံရုံး မှ တစ်ဆင့် အသိပေးကြေညာနိုင်ရန် ဆွေးနွေးဆုံးဖြတ် ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးချက်များ အရ E-7-4 visa (ကျွမ်းကျင်လုပ်သားဗီဇာလျှောက်ထားရန် သက်မှတ် ချက် များ မှာ E-9,E-10နှင့်H-2 Visa ဖြင့် နေထိုင်သူများလျှောက်ထားနိုင်ကြောင်း၊ကိုရီးယားနိုင်ငံအ တွင်း လွန်ခဲ့သည့် ၁၀နှစ် အတွင်း လေးနှစ် နှင့်အထက် နေထိုင်သူ များ၊လက်ရှိလုပ်ကိုင်နေသည့် ကုမ္ပဏီ တွင် အလုပ်သမားစာချုပ် နှစ်နှစ် အနည်းဆုံး ရှိရမည် ဖြစ်ပြီး နှစ်စဉ် လုပ်ခ လုပ်ခလစာ ကိုရီးယားဝမ် ၂၆သန်း အထက်ရရှိသူများ၊ လုပ်သက်၁ နှစ် နှင့် အထက် အနည်းဆုံး ရရှိထားသော လက်ရှိ လုပ်ကိုင်နေသည့် ကုမ္ပဏီ ၏ ထောက်ခံချက် နှင့် ကိုရီးယားဘာသာစကားတတ်ကျွမ်း မှု ရမှတ် ၂၀၀နှင့် အထက် ရရှိသူ ၊ကိုရီးယားနိုင်ငံ အတွင်း တွင် နေထိုင်ပြီး ပြစ်မှုတစ်စုံတရာ ကျူးလွန် ဖူးခြင်း မရှိသူ ဖြစ်ရမည် ဖြစ်ကြောင်း သံရုံး၏အသိပေးကြေညာ ချက် တွင် ဖေါ်ပြထားသည်။
ထို့ပြင် ကိူရီးယား နိုင်ငံ၏ မွေးဖွားနှုန်း ကျဆင်းခြင်းနှင့် သက်ကြီးရွယ်အို များပြားလာခြင်း လုပ်ငန်းခွင် ဝင်ရောက်နိုင်သူ နည်းပါးလာခြင်း စတဲ့လအခြေနေ တို့ကြောင့် နယ်မြို့ ၆၆မြို့ တွင် နိုင်ငံခြားသား များ အတွက် ရည်ရွယ်၍ Regional-specialized visa (F-2-R) ကိုလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 17 May 2024
#Yangon_Times #YMG_News #Yangon_Media_Group