#Local_News
Published_3 April 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ ကြက်သွန်စိုက်ခင်း၌ ကျေးရွာနေပြည်သူများမှ ကြက်သွန်နှုတ်နေစဉ် Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့၍ အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

မတ်လ ၂၉ ရက်တွင် အဆိုပါ ကြက်သွန်စိုက်ခင်းပိုင်ရှင်မှာ နစက ဆန့်ကျင်အဖွဲ့၏ ဆက်ကြေးတောင်းခြင်းခံခဲ့ရကြောင်း၊၎င်း ပိုင်ရှင်က ဆက်ကြေးမပေးခဲ့သည့်အတွက် ကြက်သွန်ခင်းအတွင်းသို့ Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကြက်သွန်နှုတ်နေသည့် အပြစ်မဲ့ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဒဏ်ရာရရှိသူများအား ကျေးလက်ဆေးပေးခန်းသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း ၊ယင်းလုပ်ရပ်ကို ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ymg/mt
#ကြက်သွန်စိုက်ခင်း #Drop Bombပစ်ချတိုက်ခိုက်ခဲ့၍ #အရပ်သားနှစ်ဦးဒဏ်ရာရ
#YMG #Yangon_Media_Group