#Local_News
Published 26 August 2024


▪️ ဒေါပုံမြို့နယ်၌ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဩဂုတ်၂၅ရက်နေ့၊ ည ၈နာရီခွဲအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ သခင်မြ(၂)လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ  သတင်းရရှိသဖြင့် ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ  ၈နာရီ မိနစ် ၄၀ အချိန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၈နာရီ ၄၁ မိနစ် အချိန်တွင် မီးထိန်းခဲ့ပြီး ၈နာရီ ၄၄ မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times