#WorldHealth

Published - 28 Dec 2021

 

အိန္ဒိယနိူင်ငံ ၊ Serum Institute of India Private Limited (SII)နှင့် Serum Institute Life Sciences Private Limited မှ ဝယ်ယူသော COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး(၆ ဒသမ ၇)သန်း ပထမအသုတ် တင်ဆောင်လာသော Spicejet လေကြောင်းလိုင်း လေယာဉ်သည် အိန္ဒိယနိုင်ငံ မွန်ဘိုင်း မှ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီလို့ သိရပါတယ်။

 


Spicejet လေကြောင်းလိုင်းနဲ့ရောက်ရှိလာတဲ့ COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး (၆ ဒသမ ၇)သန်း (10 doses per Vial ထုတ်ပိုးမှုပုံစံ) ဆေးအလုံးရေ(၆၇၀,၀၀၀)သိန်း ဆေးပုံးအရေအတွက်( ၅၅၉ )ပုံး အလေးချိန် ၁၇,၅၉၆ ကီလိုဂရမ်တို့အား ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လက်ခံရယူတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံ ၊ Serum Institute of India Private Limited (SII) နှင့် Serum Institute Life Sciences Private Limited မှ စုစုပေါင်း COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးကာကွယ်ဆေး (၁၃ ဒသမ ၄) သန်းပြည့်သည်အထိ ဝယ်ယူထားရာ ဒုတိယအသုတ် ထပ်မံရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

 

COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးဟာဆေးတစ်ပုလင်းလျှင် လူ(၁၀)ယောက် ထိုးနိုင်ပြီးလူဦးရေ doses (၆,၇၀၀,၀၀၀)အတွက်ဖြစ်ကာ ရန်ကုန်မြို့လေဆိပ်သို့ ရောက်လာသောဆေးများကို Cold Chain Delivery and Logistics ယာဉ်ကြီးများနဲ့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုဆေးသို့ လှောင်ခန်း(အအေးခန်း)တွင် ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။

 

#Yangon_Media_Group