Published_ 24 January 2024

ကုန်းတွင်းသဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်လာသည်နှင့်အမျှ သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် CNG ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရန် စီမံဆောင်ရွက်သွားမှာ ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဋ္ဌာနဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့ပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဘေးအန္တရာယ်ကင်းရှင်းစွာ ပိုမို အဆင်ပြေ ချောမွေ့စေရေးအတွက် သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များနှင့် ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲရုံး၌ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးတွင် ဝန်ကြီး ဦးကိုကိုလွင်က စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စက်သုံးဆီ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသလို သဘာဝဓာတ်ငွေ့သုံး (CNG) မော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့ပိုမို ဖြည့်ဆည်းပေးနိုင်ရန် ကုန်းတွင်း သဘာဝဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ်နိုင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်လျက် ရှိတယ်လို့ ပြောပါတယ်။

ခရီးသည်များ ဘေးကင်းလုံခြုံမှုရှိစေရေး၊ CNG ကို သက်သာသော ဈေးနှုန်းဖြင့် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးထားမှုများအပေါ်တွင် ပြည်သူများ အကျိုးခံစားမှု ရှိစေရေး၊ CNG ဝယ်ယူရာတွင် တန်းစီစောင့်ဆိုင်းဝယ်ယူရမှု လျော့ကျသွားစေရေး၊ CNG သည် စက်သုံးဆီများနှင့် နှိင်းယှဉ်ပါက သန့်ရှင်းသော စွမ်းအင်ဖြစ်ပြီး ပတ်ဝန်းကျင်ထိခိုက် ညစ်ညမ်းမှုကို လျှော့ချနိုင်ရေးအတွက် နိုင်ငံတကာတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြ သကဲ့သို မိမိတိုနိုင်ငံ၌လည်း တိုးမြှင့်သုံးစွဲနိုင်ရေးတို့ကို ပြောကြားခဲ့ပါတယ်။

သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များကို သယ်ယူပိုဆောင်ရေးကဏ္ဍတွင် စနစ်ကျစွာ အသုံးပြုနိုင်ရေး သက်ဆိုင်ရာ အဖွဲအစည်းအသီးသီးတိုသည် စဉ်ဆက်မပြတ် ထိတွေ့ပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအမံနှင့် အချိန်ဇယား ရေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group