#Local_News
Published-8 Published 08 December 2023


ယခု ဘဏ္ဍာနှစ်အတွင်း၌ ဥရောပနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၈၀ ကျော်သို့ CMP စနစ်ဖြင့် ချုပ်လုပ်ထားသည့် ချုပ်ပြီး အထည်များတင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၏ ပြောကြားချက်အရ သိရသည်။

ထိုသို့တင်ပို့ရာတွင် ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံစသည့် အနောက်နိုင်ငံများသို့ အဓိကတင်ပို့သည့် ဈေးကွက်များအဖြစ်တင်ပို့‌‌နေကြောင်း သိရသည်။

 

ထို့အပြင် ယခုနှစ်အတွင်း CMP လက်ခစားစနစ်ဖြင့် ချုပ်လုပ်နေသည့် အထည်ချုပ်စက် ရုံများတွက် ပြည်ပနိုင်ငံများမှ အထည်လိပ်ကုန်ကြမ်းတင်သွင်းမှုမှာ ကန်ဒေါ်လာ တစ်ဘီလီယံကျော်ရှိပြီး တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်းကျော် တင် သွင်းနေရကြောင်း၊ နိုင်ငံအတွင်းရှိ အထည်ချုပ်စက်ရုံများအတွက် လိုအပ်နေသည့် CMP အထည် လိပ်ကုန်ကြမ်းများကိုလည်း လုပ်ငန်းအပ်နှံထားသည့် နိုင်ငံများက တရုတ်နိုင်ငံ ဈေးကွက်မှတစ်ဆင့် ကုန်ကြမ်းပစ္စည်းများ အဓိကတင်သွင်းလျက်ရှိကြောင်း သိရသည်။

 

ပြည်တွင်း၌အထည်ချုပ်လုပ်ငန်းများလုပ်ကိုင်ရာတွင်CMP စနစ်ဖြင့် အများဆုံးချုပ်လုပ်နေကြပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်းပေးစွမ်းနိုင်သည့်အပြင် ပြည်ပဝင်ငွေလည်းများစွာရှာဖွေနိုင်သည့်လုပ်ငန်းများဖြစ်ကာပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံပမာဏခန့် တင်ပို့နိုင်ခဲ့ပြီး၊ ချုပ်ပြီးအထည်များကို နိုင်ငံပေါင်း ၁၀၀ သို့ တင်ပို့ခဲ့ကြောင်း သိရသည်။

 

#Local_News #နိုင်ငံပေါင်း ၈၀ ကျော် #CMPစနစ် #YMG/NN #Yangon_Times