Published 20 May 2024

လတ်တလောဖြစ်ပွားနေသော စီးပွားရေးလုပ်ငန်းများ လည်ပတ်မှုကျဆင်းလာခြင်းတွေအပေါ် မူတည်၍ ထုတ်လုပ်မှုတွေ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်တွေ ထုတ်လုပ်ရောင်းချနေသည့် ကိုရီးယားကုမ္ပဏီ CJ Feed Myanmar က ကြေညာလိုက်သည်။

ကုမ္ပဏီအနေဖြင့် အရောင်းအဝယ်လုပ်ငန်းများ ခက်ခဲလာခြင်း၊ ကုန်ကြမ်းစရိတ်များ တိုးမြှင့်လာခြင်းနှင့် ကုန်ကြမ်းရရှိမှု ခက်ခဲခြင်းတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုသည်။

ထို့အပြင် လုပ်ငန်းလည်ပတ်ရန် အတွက် ထုတ်လုပ်မှုလုပ်သားအင်အား မလုံလောက်မှုတွေ ဖြစ်ပေါ်နေခြင်းစသည့် မလွန်ဆန်နိုင်သည့် ဖြစ်ရပ်များ ဖြစ်ပေါ်နေသည့် အတွက်ယခုကဲ့သို့ ခေတ္တရပ်နားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ကြောင်​့ မေလ ၂၈ ရက်နေ့ကစပြီး CJ ကုမ္ပဏီရဲ့ တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်တွေ ထုတ်လုပ်ရောင်းချနေမှုကို ခေတ္တရပ်နားထားမှာဖြစ်ကြောင်း သိရသည်။

CJ ၏ အရောင်းကိုယ်စားလှယ်များ ဖောက်သည်များ အနေဖြင့် ကုန်ဖိုးကြွေးကျန်များ ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး CJ ကုမ္ပဏီကို မပျက်မကွက် ပြန်လည်ပေးသွင်းကြဖို့လည်း ကုမ္ပဏီဘက်က မေတ္တာရပ်ခံထားသည်။
Yangon_Times/LW
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group