#Local_News
Published_ 13 October 2023


ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲမည့် City Taxiယာဉ် များအနေဖြင့် ဘေးနှစ်ဘက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker များ တပ်ဆင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

 

နိုဝင်ဘာလတစ်လတာအတွင်း သတ်မှတ်ဒီဇိုင်းအတိုင်း ညှပ်ခအပါအဝင် Sticker တန်ဖိုး ၅၀၀၀ကျပ်ကို နိုဝင်ဘာလ၁ရက်မှ ဇန်နဝါရီ ၃၁ ရက်အထိ YRTC မှ ကျခံပေးမည်ဖြစ်သလို လက်ခံမယူဘဲ မိမိဝန်ထမ်းများဖြင့် ကပ်ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။

 

ရန်ကုန်တိုင်းအတွင်းပြေးဆွဲနေသည့် City Taxiယာဉ်များသည် အခြားသောယာဉ်များနှင့် ကွဲပြားသော ထင်သာမြင်သာရှိစေရန်အတွက် City Taxiယာဉ်များအနေဖြင့် ဘေးနှစ်ဘက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Stickerများတပ်ဆင်ရမည်ဖြစ်ပြီး City Taxiယာဉ်ပိုင်ရှင်များအနေဖြင့် သတ်မှတ်ဒီဇိုင်းအတိုင်း မိမိအစီအစဉ်ဖြင့် Stickerတပ်ခွင့်(သို့မဟုတ်)ဆေးသုတ်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

 

#Local_News #City Taxi #အဝါရောင်လိုင်းSticker #tthl #Yangon_Times