#LocalNews
Published_ 3 April 2023

လတ်တလောတွင် City Mart Supermarket မှ ဆုမဲများပေးသောပရိုမိုးရှင်းနှင့် ကြော်ငြာများ (ပုံပါအတိုင်း) ပျံ့နှံ့နေပြီး ယင်းအစီအစဉ်သည် City Mart Supermarket မှပြုလုပ်သည့် အစီအစ‌ဉ်မဟုတ်ကြောင်း တရားဝင်အသိပေးချက်ထုတ်ပြန်လိုက်သည်၊၊

 

ထုတ်ပြန်ချက်တွင် ယခုလတ်တလော City Mart Supermarket မှ ဆုမဲများပေးသောပရိုမိုးရှင်းနှင့် ကြော်ငြာများ (ပုံပါအတိုင်း) ပျံ့နှံ့နေမှုကို အသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်း၊

၎င်းကြော်ငြာများတွင် City Mart Supermarket အမှတ်တံဆိပ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားခြင်းဖြစ်ပြီး City Mart Supermarket မှ ပြုလုပ်သည့်အစီအစ‌ဉ်မဟုတ်ကြောင်း အသိပေးဖော်ပြထားသည်၊၊

ဈေးဝယ်သူများအနေဖြင့် မိမိ၏ကိုယ်ရေးအချက်အလက်များ မပေါက်ကြားစေရန်နှင့်ထပ်မံပျံ့နှုံမှုမရှိစေရန် ၎င်းနှင့်သက်ဆိုင်သော လင့်များသို့ဝင်ရောက်ခြင်း၊ ဖြန့်ဝေခြင်းများမပြုရန်အလေးအနက်အကြုံပြု‌တောင်းဆိုထားသည်၊၊

City Mart Supermarket မှ ဦးဆောင်ပြုလုပ်သည့် Promotion နှင့် ကံစမ်းမဲအစီအစဉ်များသည် City Mart Supermarket Official Facebook Page (သို့မဟုတ်) ဆိုင်အတွင်းကြော်ငြာစာများမှ ကြေညာမှသာတရားဝင်ဖြစ်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်၊၊
ymg/tthl
#CityMartSupermarket
#ဆုမဲများပေးသောပရိုမိုးရှင်း
#ကြော်ငြာစာများ
#Yangon_Media_Group