Published 15 November 2023

    ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များအနေဖြင်​့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအဖြစ်ထုတ်ပေးထားသည့် သက်သေခံလက်မှတ် (CI) စာအုပ်၊ ပျောက် ဆုံး ခဲ့ပါက သတ်မှတ်ထားသည့်  အထောက်အထား စာရွက်စာတမ်းယူဆောင်၍ သာမန်- မြန်မာနိုင်ငံကူး(PJ)စာအုပ် လာရောက်လျှောက်ထားနိုင်​ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံရုံး ဘန်ကောက်မှ ထုတ်ပြန်ကြေညာထားသည်။

 CIပျောက်ဆုံးသွားသည့်  မြန်မာအလုပ်သမားများအနေဖြင့် အခက်ခဲမဖြစ်စေရေးနှင့်အထောက်အထားခိုင်လုံစွာ ဖြင့် နေထိုင်အလုပ်လုပ်ကိုင်နိုင်စေရေးအတွက် သာမာန်
နိုင်ငံကူးလက်မှတ် ကို စိစစ်ထုတ်ပေးရန်လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

   နိုဝင်ဘာ ၁၄ ရက်မှစတင်ကာ လျှောက်ထားနိုင်ပြီဖြစ်ပြီး လျှောက်ထားရာတွင် (CI)စာအုပ်မိတ္တူ၊ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာနယ်မြေရဲစခန်းမှ (CI)စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာနှင့်၊ ၎င်း ထောက်ခံစာအား အင်္ဂလိပ်ဘာသာသို့ နိုတြီပြန်ဆိုချက်၊ ထိုင်းနိုင်ငံဆိုင်ရာ- မြန်မာသံရုံးမှ (CI)စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာမူရင်း၊ Work Permit ၊ နိုင်ငံသားစီစစ်ရေးကဒ်(မူရင်း)၊ အိမ်ထောင်စုစာရင်းမိတ္တူတို့အား ယူဆောင်၍ ထိုင်းနိုင်ငံ၊မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက်ကောက်ယူရေးစင်တာသို့ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group