Published 29 May 2024

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနှင့် CI‌ လျှောက်ထားခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့် ပက်သက်ပြီး လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် လ်ိမ်လည်လှည့်ဖျားခြင်းများ ရှိနေသောကြောင့် ထိုသို့ လုပ်ဆောင်သူများကို ဥပဒေနှင်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကြေညာလိုက်သည်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထားခြင်းနှင့်C of I လျှောက်ထားခြင်းကိစ္စရပ်များနှင့် ပက်သက်၍ အခြေနေမှန်ကို မသိနားမလည်သည် မြန်မာနိုင်ငံသားများကို လိမ်လည်လှည့်ဖျားလိုသူများက Facebook နှင့် Tik Tok များ အသုံးပြု၍ သတင်းအမှား ၊ မမှန်ကန်သည့် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရကြောင်း သံရုံး၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။

အဆိုပါလူမှုကွန်ယက်စာမျက်နှာများတွင် သံရုံး၏ အမည်များကိုပါ ထင်ရောင်ထင်မှား ဖြစ်စေရန် ရေးသားခြင်းများ ရှိနေသဖြင့် ယင်းလူမှုကွန်ယက်စာမျက်နှာများ မြန်မာသံရုံးနှင့်လုံဝ သက်ဆိုင်ခြင်းမရှိကြောင်း နှင့်မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖြားနေသူများကို မြန်မာသံရုံးမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

မလေးရှားရောက် မြန်မာနိုင်ငံ သားများ ၏ နိုင်ငံကူးလက်မှတ်နှင့်CI ထုတ်ပေးသည့် ကိစ္စရပ်များ ကို ကွာလာလမ်ပူမြို့ မြန်မာသံရုံး အနေဖြင့် ညွန်ကြားချက်များနှင့်အညီ www.mekl.org တွင်ရက်ချိန်းရယူပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group