#Local_News
Published 5 April 2025

▪️ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့်  ငလျင်ဘေးကြောင့် ထိခိုက်မှုများအတွက် အတွက် အမေရိကန်မှ  ကန်ဒေါ်လာ ၇သန်းခန့်ထပ်တိုးပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှယနေ့ ထုတ်ပြန်ထားသည်။

▪️ အဆိုပါ ထုတ်ပြန်ချက်၌ မိမိတို့၏ ဘေးအန္တရယ်ကျွမ်းကျင်ပညာရှင်များ ကနဦး အကဲဖြတ်ဆန်းစစ်ချက်များအရ မြန်မာနိုင်ငံတွင်းမှ ငလျင်ဘေးဒဏ်သင့် အသိုက်အဝန်းများကို ပံ့ပိုးကူညီရန် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၇သန်းခန့်ကို ထပ်တိုးရန်ပုံငွေအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

▪️ ထို့အပြင် မတ် ၃၁ တွင် ကြေညာခဲ့သည့် ‌အမေရိကန်ဒေါ်လာ ၂သန်း နှင့် ယခုထပ်လောင်းပေးအပ်မည့် အထောက်အပံ့များမှ တဆင့်ငလျင်ဘေးဒဏ်သင့်အသိုက်အဝန်းများအတွက် အရေးပေါ် နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများနှင့် သောက်သုံးရေတို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times