#Local_News
Published 4 April 2025
▪️ ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းရန် ရန်ကုန်ဒေသခံ တစ်ထောင်ကျော်မှ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်တွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်သူများ သွေးလိုအပ်ပါက ပေးပို့နိုင်ရေးအတွက် ပြည်သူများမှပြီးခဲ့သည့်ရက်ပိုင်းက သွေးလှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
▪️ ထိုသို့လှူဒါန်းရာတွင်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအတွင်းရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူ(၃၉၉)ဦးနှင့် အမျိုးသားသွေးလှူဘဏ်တွင်မူ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်သူများ သွေးလိုအပ်ပါက ပေးပို့နိုင်ရေးအတွက် ပြည်သူ(၁၁၆၀)ဦးက လာရောက်သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ လှူဒါန်းခဲ့သည့် သွေးများအား သွေးလှူဘဏ်တွင် ထိန်းသိမ်းထားရှိကာ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ ခွဲစိတ်ကုသမှုခံယူသူများ၊ သွေးရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါဝေဒနာရှင်များအပြင် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ငလျင်ဘေးသင့်ဒေသများသို့လည်း လိုအပ်ပါက အချိန်မီ ပေးပို့နိုင်ရေးကို တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်းသိရသည်။
#YMG/NN #Yangon_Times