#Local_News
Published 5 April 2025

▪️ ငလျင်ဒဏ်ခံ အဆောက်အဦများ ဖယ်ရှားရှင်းလင်းရေးအတွက် 
မန္တလေးမြို့တော်စည်စည်ပင်သာယာရေးကော်မတီ MCDC မှအခမဲ့ဆောင်ရွက်ပေးနေ၍ ဆက်သွယ် နိုင်ကြောင်း MCDC မှသိရသည်။

▪️ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် မန္တလေးမြို့အတွင်းငလျင်ဘေးဒဏ်အန္တရာယ်ကြောင့် ဖြစ်ပေါ်နေသည့် ပျက်စီးဆုံးရှုံးမှုများအား  လူအင်အား၊ ယာဥ်/စက်/ယန္တရားများဖြင့်  ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်နေခြင်းဖြစ်သည်။

▪️ ထိုသို့ဆောင်ရွက်ပေးရယတွင် အခကြေးငွေ တောင်းခံခြင်းမရှိကြောင်းနှင့် ကယ်ဆယ်ရေး၊ အဆောက်အဦပျက်များ ဖယ်ရှားရှင်းလင်းရေးများနှင့်ပက်သက်၍  ကွပ်ကဲရေးရူံး၊ ၂၆လမ်း၊ ၇၁လမ်းနှင့် ၇၂လမ်းကြားရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးကြီးသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

#YMG/NN #Yangon_Times