#Local_News
Published_28 March 2025

▪️ ငလျင်ကြောင့် လမ်းတံတား၊ အဆောက်အဦများပျက်စီးခဲ့ကာ ပြည်သူအချို့ သေဆုံးဒဏ်ရာရသည်များလည်းရှိနေကြောင်း သိရသည်။

▪️ ယနေ့ မတ်လ ၂၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်း မှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလို မီတာခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေင လျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် ၃ ခုခန့် လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင်ဌာနခွဲက သိရသည်။

▪️ အဆိုပါ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေး တိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည် တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ငလျင် ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။

▪️ နေပြည်တော်တွင် ထိခိုက်ဒဏ်ရာရသူများအား (ခုတင်-၁၀၀၀)တွင် ကုသမှုများ ပေးနေကြောင်း၊၎င်းအပြင် နေပြည် တော်မြို့မဈေးအနီးရှိ ခရေဝန်ထမ်းအိမ်ရာအတွင်း ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် အိမ်ရာ များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

#Yangon_Times/PP