#Local_News
Published 20 February 2025

▪️ ပြည်တွင်းရှိလူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘ၀ကယ်ဆယ်ရေး အကူအညီများ ပေးနိုင်ရန် ရည်မှန်းထားပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံလိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး( United Nations OCHA Myanmar )မှ ထုတ်ပြန်သည့်လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာမှ သိရသည်။

▪️ နိုင်ငံရေးအကူးအပြောင်းလေးနှစ်အကြာ မြန်မာနိုင်ငံသည် ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းကျော် စံချိန်တင်ကာ အရပ်သား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ မြင့်တက်လာခြင်းတို့နှင့်အတူဖြစ်ပွားဆဲ ပဋိပက္ခများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များဖြင့်ဆက်လက်ရုန်းကန်နေရဆဲဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအများအပြား (အထူးသဖြင့် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်း) ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာအရပ်သားများသည် ကျယ်ပြန့်သည့် ပဋိပက္ခများအပြင် ဘေးအန္တရာယ်များ၊ ရောဂါများ၊ စားနပ်ရိက္ခာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းနှင့် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများ ပုံမှန်မရရှိခြင်းများ အပါအဝင် အကျပ်အတည်းမျိုးစုံကို တပြိုင်နက်တည်း ရင်ဆိုင်‌နေကြရ‌ေကြာင်း အဆိုပါသတင်းလွှာတွင် ဖော်ပြထားသည်။

▪️ ရန်ပုံငွေရရှိမှု မလုံလောက်ခြင်းနှင့်  အခြားအခက်အခဲများကြားမှပင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များသည် ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၄ ဒသမ ၂ သန်းအား အကူအညီပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့်တုံ့ပြန်ရေး အစီအစဉ်အရ လူမှုဂရုဏာလုပ်သားများသည် လူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘ၀ကယ်ဆယ်ရေး အကူအညီများ ပေးနိုင်ရန် ရည်မှန်းထားပြီး ယင်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times