#Local_News
Published 17 March 2025
▪️ ဘုရားစေတီပုံများရိုက်နှိပ်ထားသည့် တစ်ခါသုံးကော်ဖီခွက်များကို အသုံးပြုကာ လက်ဖက်ရည်ထည့်ရောင်းချနေမှုအား မတ်လ ၁၆ ရက်ကသွားရောက် စစ်ဆေးသိမ်းဆည်းခဲ့ကြောင်း သိရသည်။
▪️ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၃၉)မိုင်ယာဥ်ရပ်နား စခန်းဝန်းအတွင်းရှိ ရွှေပလ္လင်စားသောက်ဆိုင်၌ တစ်ခါသုံးကော်ဖီခွက်တွင် ဘုရားစေတီပုံများရိုက်နှိပ်ထားပြီး လက်ဖက်ရည်ထည့်ကာရောင်းချနေ ကြောင်းသတင်း အရ မတ်လ၁၆ရက် ည၇နာရီ ၄၅မိနစ်က ဘုရားကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိုင်းကြိုင်ကြိုင်တိုး ဦးစီးသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဘုရားကြီးမြို့နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်ကျော်ဆန်းဝင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ (၃၉)မိုင်စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်ရဲနိုင် ဦးစီးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့စစ်ဆေးရာတွင် ရွှေပလ္လင်စားသောက်ဆိုင်အတွင်း၌ တစ်ခါသုံး ကော်ဖီခွက်တွင် ဘုရားစေတီပုံများရိုက်နှိပ်ထားသည့်ကော်ဖီခွက်(၂၅)ခွက်အားတွေ့ရှိခဲ့ရာ ဆိုင်မန်နေဂျာ ဦးမျိုးဝင်းမှအပ်ပေးသဖြင့် ဘုရားကြီးမြို့နယ်အုပ်ချုပ်ရေးမှူး မှ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times