#Local_News
Published 26 February 2025
▪️ မြန်မာလုပ်သားများအား ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရန်အတွက် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း နှင့်ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
▪️ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက" ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေ အနေနဲ့ ပြည်ပနိုင်ငံတွေကို လုပ်သားတွေ စေလွှတ်ရာမှာ မိမိရဲ့ သားသမီးတွေသဖွယ် သဘောထားပြီး ဖြစ်ပေါ်လာ နိုင်တဲ့ အခြေအနေ အရပ်ရပ်ကို မြော်တွေးစဉ်းစားကာ ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီတွေအဖြစ် ရပ်တည်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
▪️ လက်ရှိတွင် ရုရှားနိုင်ငံက မြန်မာအလုပ်သမားများကို ခေါ်ယူရန်အလုပ်ခေါ်စာများ ရရှိထားသော်လည်း ရုရှားဘာသာစကား စာမေးပွဲများ ပြုလုပ်အောင်မြင်ပြီးမှသာ စိစစ်ခွင့်ပြုသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times