#Local_News
Published 12 March 2025
▪️ ရန်ကုန်မြို့ ၊မဟာဗန္ဓုလမ်းနှင့်ဗိုလ်ချုပ်လမ်းတွင်လမ်းမီးလုံး (၂၀၀ )ထွန်းညှိသွားမည်ဖြစ်ကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။
▪️ ထိုသို့ဆောင်ရွက်ခြင်းမှာ မြို့တော်အင်္ဂါရပ်များနှင့်အညီသန့်ရှင်းသာယာလှပမှုရှိစေရေး၊လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေး၊ ညအချိန်ပြည်သူများ ယာဥ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ညအချိန်အလင်းရောင်ကောင်းစွာရရှိပြီး ဒုစရိုက်မှုများကင်းရှင်းစေရေးတို့အတွက်ဖြစ်ပြီး မဟာဗန္ဓုလမ်းတွင် ၅.၁၁ မိုင်၊ ဗိုလ်ချုပ်လမ်းတွင် ၄.၁၈ မိုင်အားမြေအောက်ဓာတ်အားလိုင်းများချမြှုပ်လျက် လမ်းလယ်ကျွန်းဓာတ်မီးတိုင် စုစုပေါင်း ၈၉ တိုင်စိုက်ထူကာLED(150)Wလမ်းမီးလုံး (၂၀၀ )ထွန်းညှိသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ လုပ်ငန်းစဉ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရအကောင်အထည်ဖော်ဆောင်ရွက်လျက်နေခြင်းဖြစ်ပြီး မဟာဗန္ဓုလ လမ်းတစ်လျှောက်(လမ်းသစ်လမ်းမှ ဆူးလေဘုရားအဝိုင်းအထိ)နှင့်ဗိုလ်ချုပ်လမ်းတစ်လျှောက်(ပန်းဆိုးတန်းလမ်းမှ ပုဇွန်တောင်ပန်းခြံအထိ)လမ်းလယ်နှင့်လမ်းဘေး ဝဲ/ယာ ရှိ ကောင်းကင်ဓာတ်အားလိုင်းများအားမြေအောက်ဓာတ်အားလိုင်းအဖြစ်ပြောင်းလဲတည်ဆောက်ခြင်းနှင့်လမ်းလယ်ကျွန်းတစ်လျှောက်တွင်လမ်းမီးတိုင်များစိုက်ထူရေးလုပ်ငန်းခွင်သို့လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ရုံးချုပ်မှတာဝန်ရှိသူများလိုက်ပါလျက်မတ် ၁၁ ရက်ကသွားရောက်ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times