#Local_News
Published 5 November 2024

▪️ ဧရာဝတီတိုင်းတွင် ယနေ့မနက်ပိုင်းက ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့အနီး၌ ယနေ့ နေ့လယ်ပိုင်းတွင်  ငလျင်ထပ်မံ လှုပ်ခတ်ခဲ့ရာတစ်ရက်တည်းတွင် ငလျင်ငါးကြိမ်လှုပ်ခတ်ခဲ့ ကြောင်း မြေငလျင်ဌာနခွဲမှ သိရသည်။

▪️ ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၀၆) မိနစ်၊ (၃၅) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် (၂၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၆၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇) ဒီဂရီ၊ အနက် (၆၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိ ကြောင်း သိရသည်။

▪️ ထို့အပြင် ယနေ့မနက်အစောပိုင်းကလည်း  ညောင်တုန်းမြို့ကိုဗဟိုပြုပြီးငလျင်(၄)ကြိမ်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။

▪️ အဆိုပါ ဧရာဝတီတိုင်း၌လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် မအူပင်မြို့ရှိ  စိမ်းမြကန်သာ ဘုရားကြီး အက်ကြောင်းဖြစ်၍ မှန်ကွဲကြေကာ မုဒ်ဦးထိသွား ကြောင်း ၊ ၁၀၈တောင်စေတီဟောင်းမှာမူ သုံးပုံတပုံပြိုကျ၍ လူအထိအခိုက်မရှိကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းများအရ သိရသည်။

▪️ သို့သော် မအူပင်မြို့ အမှတ် ၁ ရပ်ကွက် ၌ ဂိုဒေါင်ပြိုကျမှုဖြစ်ပွားခဲ့ရာ ဂို‌ ဒေါင်အနီးတွင် နေထိုင်သူ သုံးဦးထိခိုက်ဒဏ်ရာအနည်းငယ်ရရှိ၍ ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

#YMG/NN #Yangon_Times