#Local_News
Published 27 February 2025

▪️ တာဝါတိုင် ပစ္စည်းများခိုးယူဖြုတ်ခြင်းများ ကြောင့်လေပြင်းဒဏ်ကို ခံနိုင်စွမ်းမရှိကြဘဲ ကျိုးကျခဲ့ရသည့် ၂၃၀ ကေဗွီလှိုင်သာယာ-ကျိုက်လတ်လိုင်း Transmission Towerများပြင်ဆင်မှုမကြာမီပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

▪️ ကျိုးကျခဲ့သည့် တာဝါတိုင်များ အနက် ယိုင်နဲ့ကွေးညွတ်သွားသော တာဝါ ၄၇အား ပြုပြင်ပြီးစီးပြီဖြစ်ပြီး တာဝါ ၄၃ အား အရှိန်အဟုန်မြှင့် ပြုပြင်လျှက်ရှိရာ မကြာမီအချိန်အတွင်း ပြီးစီးနိုင်မည် ဖြစ်ကြောင်း၊ ပြိုလဲသွားသော Tower အမှတ် ၄၄၊၄၅၊၄၆ (၃) တိုင်အား ဖျက်သိမ်းခြင်းလုပ်ငန်းကို သက်ဆိုင်ရာရုံးအဖွဲ့များမှ လူအင်အား (၁၃၀) ခန့်ဖြင့် အင်တိုက်အားတိုက် လုပ်ဆောင် လျှက်ရှိပြီး၊ Transportation လုပ်ငန်းစဉ်အား ချောင်းမြောင်းအတွင်းမှ စက်လှေငယ်များဖြင့် ခက်ခက်ခဲခဲလုပ်ဆောင်လျှက်ရှိကြသလို Tower Foundation ဆိုင်ရာအတွက် မြို့ပြအဖွဲ့များမှလည်း ကြိုးစားဆောင်ရွက်လျှက်ရှိ‌ကြောင်း သိရသည်။

▪️ ဖေဖော်ဝါရီ  ၂၄ နေ့လည် ၁နာရီ ၁၅ မိနစ်အချိန်တွင် အချိန်အခါမဟုတ် မိုးသက်လေပြင်း ကျရောက်ခဲ့ရာ  လှိုင်သာယာပင်မဓာတ်အားခွဲရုံမှ ပို့လွှတ်ထားသော ၂၃၀ကေဗွီ လှိုင်သာယာ -ကျိုက်လတ်လိုင်းမှာ လိုင်းအပြစ်(Trip) ဖြစ်ခဲ့ရကြောင်း၊ ထို့ကြောင့်သက်ဆိုင်ရာ အဆင့်ဆင့်ကို သတင်းပေးပို့တင်ပြခဲ့ပြီး မိုးလေငြိမ်စ ဖြစ်သည့် (၁နာရီ ၅၃ မိနစ်) ၌  ဓာတ်အားစမ်းသပ်ပို့လွှတ်ခဲ့သော်လည်း လိုင်းလက်မခံဘဲ Permanent Fault အဖြစ် သတ်မှတ်ခဲ့ရကြောင်း၊ ထို့နောက် သက်ဆိုင်ရာ လိုင်းတာဝန်ခံများက လိုင်းအပြစ်ရှာဖွေရာ Transmission Tower အမှတ် ၄၄၊၄၅၊၄၆ (၃) တိုင်မှာ တွင်တွင်ကျိုးကျနေပြီး ၄၃၊၄၇ မှာ ကွေးညွတ်နေခြင်းကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

#YMG/SW #Yangon_Times