#Local_News
Published 3 February 2025

▪️ မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ်သို့ မိမိတို့သဘောဆန္ဒအလျောက်ပြောင်းလဲခံယူခဲ့သူ ၂၇၈ဦးရှိကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ယနေ့ထုတ်ပြန်ထားသည်။

▪️ အဆိုပါ စင်ကာပူနိုင်ငံသားအဖြစ်ခံယူထားသူ မြန်မာများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း (မှတ်ပုံတင်) များကို ၂၀၂၄ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း လာရောက်အပ်နှံခဲ့ကြကြောင်း၊ ထို ၂၇၈ဦးအနေဖြင့် သံရုံးထောက်ခံစာကို ယခုလ၂၈ရက် မတိုင်မီသံရုံးဖွင့်ရက်များ၌ နေ့စဉ် မွန်းလွဲ၂နာရီမှ ၄နာရီအတွင်း ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ကြောင်း သံရုံးကထုတ်ပြန်ထားသည်။

▪️ ထိုသို့ထုတ်ယူရာတွင် မြန်မာနိုင်ငံကူးလက်မှတ်မူရင်းနှင့် Processing letter မူရင်းတို့ကို တစ်ပါတည်းပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times