#Local_News
Published 27 February 2025
▪️ နာမည်ကျော် Cosplayer များပါဝင်မည့်Yokai Festivalကို မတ်လ၁ရက် နံနက် ၁၀နာရီမှ ညနေ၄နာရီအထိ ရန်ကုန်မြို့ရှိ ဂျပန်ယဉ်ကျေးမှုစင်တာတွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပွဲတော်ကိုဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာတွင် ပြသလျက်ရှိသည့်"Yokai Parade: Supernatural Monsters from Japan" ပြပွဲ၏နောက်ဆုံးရက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး
Yokai Cafeနှင့် ဂိမ်းများအပြင် Yokai Paradeအတူတူလှည့်လည်ကာ အမှတ်တရဓါတ်ပုံများရိုက်ကူးနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ လာရောက်လည်ပတ်သူများအနေဖြင့် ပြပွဲကိုကြည့်ရှုရင်း နာမည်ကျော် Cosplayer များပါဝင်သော Yokai Cafe ၏ဝန်ဆောင်မှုကိုအခမဲ့ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times