#Local_News
Published 19 February 2025

▪️ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ အဝေးပြေးကားဝန်းရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ(၁)ဦး ညပ်နေ၍ ကယ်ထုတ်ပြီး လှိုင်သာယာ ဆေးရုံသို့တင်ပို့
ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ ဖေဖော်ဝါရီ ၁၉ရက်နေ့၊ မနက် ၁၁ နာရီ ၄ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ အဝေးပြေးကားဝန်းရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ(၁)ဦး ညပ်နေကြောင်း သိရသည်။

▪️ အဆိုပါ သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့်  ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၁ နာရီ ၁၉မိနစ် အချိန်တွင် ညပ်နေသူ(၁)ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး သာဓုဓ္မပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times