#Local_News
Published 7 February 2025


▪️ ဖေဖော်ဝါရီလ၈ရက်(မနက်ဖြန်) နံနက် ၁၀ နာရီမှ နေ့လည်၂နာရီအထိ မြို့နယ်တချို့တွင် ယာယီလျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။

▪️ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စီမံရေးဌာန၊ မြေအောက်ဓာတ်ကြိုးဌာနခွဲ၏ 66kV ကျိုက္ကဆံ (၂) ဓာတ်အားလိုင်းသစ်အား ဓာတ်အားလွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် မလွတ် ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း၊ Insulator များအား အစားထိုး လဲလှယ်ခြင်းလုပ်ငန်းနှင့် မြေအောက်ဓာတ်ကြိုးများ ဆက်သွယ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် အတွက် လွတ်ကင်းမှုမရှိသော 66kV သာကေတ - ကျိုက္ကဆံ ၊ 66kV သာကေတ - ပုသိမ်ညွန့်၊ 66kV သာကေတ - တာမွေဈေး၊ 66kV သာကေတ - ဒဂုံအရှေ့(၂) ဖီဒါများအား (၈.၂.၂၀၂၅) ရက်နေ့၊ (၁၀:၀၀) နာရီ မှ (၁၄:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

▪️ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဉက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဗဟန်းမြို့နယ်တို့၏ ရပ်ကွက် နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ဆောင်ရွက်စဉ် ဓာတ်အားပြတ်တောက်ချိန်  ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times