#Local_News
Published 6 March  2025

▪️ ကလီကမ်းနားတွင် စက်သမ္ဗာန်တစ်စီးတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသော (၁၇)နှစ် အမျိုးသားတစ်ဦး ၏ DB အား ယနေ့မနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ သိရသည်။

▪️ မတ်လ ၄ ရက်နေ့၊ နေ့လယ် ၂နာရီ ၅၅ မိနစ် အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ဆိပ်ကမ်းမှ ကလီဆိပ်ကမ်းသို့ မောင်းနှင်လာသည့် သမ္ဗာန်ယာဉ်(၁)စီးသည် ကလီဆိပ်ကမ်းအနီးတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သမ္ဗာန်ယာဉ်ပေါ်ရှိ ယာဉ်မောင်းအပါ(၁၂)ဦးအနက် (၁၁)ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး ကျန်ပျောက်ဆုံးနေသူ(၁)ဦးအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်ရှာဖွေခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ ပျောက်ဆုံးနေသည့် (၁၇)နှစ် အမျိုးသားတစ်ဦးအား မတ်လ၆ ရက်နေ့မနက် ၇ နာရီအချိန်ခန့်က ကလီကမ်းနားဆိပ်တွင် DB တွေ့ရှိ၍ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်းကာမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ DB ဆယ်ယူပြီး နိဗ္ဗာန်ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times