#Local_News
Published 16 January 2025


▪️ EPS-TOPIK ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်)စာမေးပွဲများ ဖေဖော်ဝါရီလတွင် စတင်ဖြေဆိုရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။

▪️ ထုတ်ပြန်ချက်အရ ဖြေဆိုမည့်ဦးရေ ၃၇၉၅၇ ဦးရှိပြီး စာမေးပွဲများကို ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလများတွင် ဖြေဆိုရမည်ဖြစ်ကြောင်း၊ ကိုရီယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဖြေဆိုခဲ့သည့် EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ် စာတွေ့စာမေးပွဲကို ဇွန် ၃ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ (ထပ်တိုးဖြေဆိုသူများအပါအဝင်) ဖြေဆိုခဲ့ရပြီး စုစုပေါင်းဖြေဆိုသူဦး‌ရေ ၄၈၀၀၀ တွင် စာတွေ့အောင်မြင်သူဦးရေ ၅၅၄၀ ရှိခဲ့ကြောင်း သိရသည်။

▪️ ထိုစာတွေ့အောင်မြင်သူဦးရေ ၅၅၄၀အနေဖြင့် ပြီးခဲ့သည့်နှစ်  နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း (Skills Test)ကို ဖြေဆိုခဲ့ပြီး ၅၃၇၇ ဦး အောင်မြင်ကာ ၁၆၃ ဦး ကျရှုံးခဲ့ကြောင်း သိရသည်။

▪️ EPS-TOPIK နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) အောင်မြင်ပြီးသူများအား အလုပ်လျှောက်လွှာများစတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times