#Local_News
Published 3 February 2025

▪️ အသဲရောင်အသားဝါ စီပိုးအပါအဝင် အသဲရောဂါခံစားနေရသည့်  ဝေဒနာရှင်များအတွက် ဆေးဝါးများကို ယခုလမှ စတင်၍  နိုင်ငံတော်မှအခမဲ့ပေးအပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

▪️ ထိုသို့အခမဲ့‌ ပေးအပ်ရာတွင် အသဲအဆီဖုံးရောဂါအပါအဝင် အသဲခြောက်ရောဂါ၊ အသဲကင်ဆာရောဂါဖြစ်စေနိုင်သည့်  အသဲရောင်အသားဝါ စီပိုး (hepatitis-C) ရောဂါခံစားနေရသူများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ ရောဂါရှင်များ အနေဖြင့် အခမဲ့ဆေးဝါးထောက်ပံ့မှုအား သုံးလ သို့မဟုတ် ခြောက်လအထိ သောက်သုံးသွားရမည်ဖြစ်‌သောကြောင့် ဆေးဝါးကုသမှုအခမဲ့ရယူလိုသူ ဝေဒနာရှင်များအနေဖြင့်  ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍  နီးစပ်ရာ ဆေးရုံ၊ ကျန်းမာရေးဌာနများသို့ သွားရောက်ဆက်သွယ်သတင်းပေးပို့ကြရန် နှိုးဆော်ထားကြောင်း သိရသည်။

#YMG/NN #Yangon_Times