#Local_News
Published_23 Oct 2024
▪️ လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မယ်ဟန် ကျေးရွာအုပ်စု ခိုဆန်တန်ကျေးရွာ၌ရှိသော ရိုးရာဆန်အရက်ချက်စက်ရုံသို့ထိမှန်ကာ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
▪️ ယနေ့နံနက် ၈ နာရီခွဲကျော်ခန့်အချိန်က ဖြစ်ပွားခဲ့သောယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့သော်လည်း ပေါက်ကွဲမှု၏ကြီးမားကြောင်း၊ MNDAA ကိုးကန့်အထူးဒေသ (၁)မှ မီးသတ်တပ်ဖွဲ့က သွားရောက်ငြိမ်းသတ်နိုင်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
▪️ “အဲဒီအရက်ချက်စက်ရုံမှာ MNDAA တွေနေတယ်။ ပြီးတော့ လက်နက်တွေ လှောင်ထားတာရှိတယ်၊ အဲဒီစက်ရုံကို ခိုဆမ်တန် ရိုးရာအရက်စက်ရုံလို့ခေါ်တယ်၊မနက်က ၈ နာရီ ခွဲလောက်ပေါ့၊ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတာ။ ပြီးတော့ ၁၀ နာရီကျော်လောက်မှာတစ်ခါ ဗုံးကြဲတယ်။ ဘယ်ဘက်ကိုထိတယ်ဆိုတာ မကြားရသေးဘူး၊ လားရှိုးမှာမြေပြင်မှာတိုက်ပွဲ ပြန်ဖြစ်နေတယ်လို့ သူများတွေပြောနေကြတယ်။ သေနတ်နဲ့ အပြန်အလှန်ပစ်တာတွေ ရှိနေတယ်၊ အဲဒါအသံတွေကြားရတာရှိတာ ဟုတ်တယ်”ဟု လားရှိုးဒေသခံတစ်ဦးက YMG ကို ပြောသည်။
▪️ ယမန်နေ့အောက်တိုဘာလ ၂၂ ရက် နံနက်ကလည်း လားရှိုးမြို့တွင် လေကြောင်းမှဗုံးကြဲ တိုက်ခိုက်ခံရသောကြောင့် ၃ ဦးဒဏ်ရာရခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသေးသည်။
▪️ အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အထူးဒေသ(၁)၏ မြို့တော် လောက်ကိုင်မြို့နှင့် ကိုးကန့်ခရိုင် နမ့်ဟူးမြို့နယ်အတွင်း ဗုံးကြဲတိုက်ခဲ့ပြီးနောက် လားရှိုးကို ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
▪️ ယနေ့ အောက်တိုဘာလ ၂၃ ရက်ထိ လားရှိုးမြို့လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ် ၂၀ ကျော် ရှိပြီဖြစ်ကြောင်း MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#Yangon_Times/PP